သတင်းစာဆရာ မောင်ဝံသနှင့် မိတ်ဆွေရင်းချာများ ၂၀၁၁ခု သြဂုတ်လက စတင်
တည်ထောင်ခဲ့သော Center for Myanmar Media Development (CMMD) က ကြီးမှူး
ဖွင့်လှစ်သည့်
မောင်ဝံသ သတင်းပညာ သင်တန်း ဆဌမပတ်သည် ယခု ၂၀၁၃ခု စက်တင်ဘာ ၆ ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
ထို့ကြောင့် ၂၀၁၃ခု အောက်တိုဘာလဆန်းတွင် ဖွင့်လှစ်ပြီး နိုဝင်ဘာလကုန်တွင်
ပြီးဆုံးမည့် သတ္တမပတ် သင်တန်းအတွက် အမည်စာရင်းများပေးသွင်းနိုင်ပြီ
ဖြစ်ပါသည်။
(မှတ်ချက်။ ။ ပထမပတ်မှ စတုတ္ထပတ်အထိ သင်တန်းများကို တနင်္လာမှ
သောကြာအထိ နေ့စဉ် နံနက် ၈နာရီ မှ နံနက် ၁၀နာရီအထိ၊ သင်တန်းတစ်ကြိမ်လျှင် ၃ လ
ဖွင့်လှစ်ခဲ့ပါသည်။
သို့သော် သင်တန်းသားဟောင်းများ၏
အကြံပြုတင်ပြချက်များကို လေ့လာပြီးနောက် ပဉ္စမပတ်မှစပြီး တစ်နေ့ချင်းတွင်
ပို့ချချိန်နှင့် လက်တွေ့လေ့ကျင့်ချိန်များ တိုးမြှင့်ကာ ၂လပြတ်
သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။
ယခင်အပတ်က အမည် စာရင်းပေးသွင်းထားပြီး
နေရာအခက်အခဲကြောင့် ချန်ခဲ့ရသူများနှင့် အသစ်စာရင်းသွင်း
တက်ရောက်လိုသူများကို ၂၀၁၃ အောက်တိုဘာ ၁၁ (သောကြာနေ့)တွင်
လူတွေ့မေးမြန်းပါမည်။
သင်တန်းအတွင်းရေးမှူးက ဖုန်းဖြင့် အကြောင်းကြားဖိတ်ခေါ်ပါမည်။
နောက်ထပ် အမည်စာရင်းအသစ်ပေးသွင်းလိုသူများသည် ၂၀၁၃ အောက်တိုဘာ ၉ ရက် နောက်ဆုံးထားပေးသွင်းနိုင်ပါသည်။
(၁) မောင်ဝံသ ပြည်သူ့ခေတ် သတင်းပညာ သင်တန်းသည် ပညာဒါနသင်တန်း ဖြစ်ပါသည်။
ဝင်ကြေး/ ကျောင်းလခပေးရန်မလိုပါ။ သင်တန်းစည်းကမ်းများ လိုက်နာပြီး
အချိန်မှန် တက်ရန်သာ လိုပါသည်။
သတင်းလုပ်ငန်း သို့မဟုတ် သတင်းဆက်စပ်လုပ်ငန်းဖြင့် ဘ၀ကို နှစ်မြှုပ် လုပ်ကိုင်မည့်သူများကို ဦးစားပေးလက်ခံသည်။
(၂) ထိုင်ခုံနေရာ အနေအထားအရ သင်တန်းတစ်ပတ်လျှင် လူ ၂၀ ဦးသာ
လက်ခံနိုင်ပါသည်။ လက်ရှိ သတင်းဂျာနယ် မဂ္ဂဇင်းတိုက်များတွင်
လုပ်ကိုင်နေသူများနှင့် ပြင်ပမှ လူသစ်များ ထက်ဝက်စီခန့် လက်ခံပါမည်။
(၃) ယခု သတ္တမပတ်သင်တန်းကို တနင်္လာ မှ သောကြာ မနက် ၉ နာရီ မှ ၁၁ နာရီအထိ တပတ်လျှင် (၅)ရက် သတ်မှတ်ထားပါသည်။
(၄) စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ ပိတ်ပါသည်။ ယခု ဖွင့်မည့်
သတ္တမပတ်သင်တန်းသည် ရက်သတ္တ ၈ ပတ်ကြာမြင့်မည်။ (၂၀၁၃ အောက်တိုဘာလဆန်းမှ ၂၀၁၃
နိုဝင်ဘာလကုန်အထိ)။ သင်တန်းကို အချိန်မှန် တက်ရောက်ပြီး
လက်တွေ့လေ့ကျင့်ခန်းများကို မပျက်မကွက် လုပ်ဆောင် တင်သွင်းသူများကို
သင်တန်းဆင်း လက်မှတ်များပေးအပ်ပါသည်။
(၅) သင်တန်းဆရာများ- ဆရာ ဒေါက်တာ
တင်လှိုင် (ဘိုးလှိုင်)၊ ဆရာကြည်မင်း (ကျော်စောမင်း)၊ ဆရာ ဦးအောင်ထွန်းဦး၊
ဆရာဦးဇေယျာလှိုင်၊ ဆရာ စည်သူအောင်မြင့်၊ ဆရာ ဦးဥာဏ်လင်း၊ ဘလော့ဂါ
နေဘုန်းလတ်နှင့် အဖွဲ့၊ ဆရာ ဦးစိုးဝင်းငြိမ်း(ဓာတ်ပုံ)၊ ဆရာ ဦးရဲအောင်သူ
(AFP)၊ ဆရာဦးကိုနီ (မောင်ကိုနီတရားရုံးချုပ်ရှေ့နေ)၊ Thinking Classroom
Foundation မှ ဒေါက်တာသိန်းလွင်၊ Ms. Ahsai၊ ဒေါ်သူသူမာနှင့် ပြည်ပ
သတင်းအဖွဲ့အစည်းများမှ ဧည့်ပညာရှင်များ။
(၆) အဓိက ပို့ချချက်များ။
- Myanmar Politics (1945 - present).
- Editorial, Commentary & Feature writing.
- Basic Journalism & Interviewing in English.
- Media Ethics & Media Laws.
- Investigative Reporting.
- Techniques of News Writings
- Translation.
- Online Media.
- Photo Journalism.
- Basic Law (Constitution) Study.
- Method of Critical Thinking for journalists.
အသေးစိတ်စုံစမ်းလိုလျှင် သင်တန်းအတွင်းရေးမှူး မဖြူမေခင် (သဲသဲ) (ဖုန်း ၀၉၄၀၂၅၅၈၆၈၅) နှင့်
မလွတ်လပ်စိုး (၀၉၄၂၈၁၉၉၇၃၃) သို့ မေးမြန်းနိုင်ပါသည်။
email ဖြင့် အမည်စာရင်းပေးသွင်းလိုလျှင် maungwuntha@gmail.com (or) lattlatt1970@gmail.com (or) maylay023@gmail.com သို့ ပေးပို့နိုင်ပါသည်။
0 comments:
Post a Comment